ကြံခင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့်စာဖြေဌာနများ ပြင်ဆင်ဆေင်ရွက်ထားရှိမှုအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ကြံခင်း မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်မည့် စာဖြေဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာဖြေဌာနများ ဖြစ်သော အ.ထ.က(၁) ၊ အ.ထ.က(ချင်းမြောင်)၊ အ.ထ.က(ဆိပ်သာ)၊ အ.ထ.က(မြောက်ချောကုန်း) ၊ အ.ထ.က(၂)၊ အ.ထ.က(ဘက်ရဲ) စာဖြေဌာန ၅ ခုတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ စာဖြေခန်းများတွင် အလင်းရောင်လုံလောက် စွာရရှိရေးအတွက် လျှပ်စစ်မီးသွယ်တန်းထားရှိမှုနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးကြပြီး၊ သက်ဆိုင်ရာ စာဖြေဌာနတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ၂၉၁ ဦး၊ ကျောင်းသူ ၃၄၄ ဦး ကျောင်းတွင်း/ကျောင်းပြင်စုစုပေါင်း ၆၃၅ ဦးတို့အား စာစစ်ဌာန ၅ ခုဖြင့် ကျင်းပပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)