ရန်ကုန် မတ် ၁၀
သန်လျင်ခရိုင် သန်လျင်မြို့နယ် မြို့မစည်ပင်သာယာစျေးကြီး၌ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မတ်လ (၉) ရက်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စျေးမိစျေးဖများ၊ စျေးလုံခြုံရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့မစည်ပင်သာယာစျေးပိတ်ချိန်တွင် မီးငြှိမ်းသတ်ယာဥ် (၁) စီးအသုံးပြုကာ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)