ကျောင်းကုန်း မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၁၁)ခုတို့ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်း၊ လျှပ်စစ်အင်ဂျင်နီယာ ဦးသစ္စာထွန်းတို့ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လျှပ်စစ်မီးကြိုးများ ပေါက်ပြဲမှုရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ကောင်း/မကောင်း လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)