ငပုတောမြို့နယ် မယ်သီလကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား အလှူရှင်များက ထောက်ပံ့ငွေများပေးအပ်

ငပုတော မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တောင်ကလေးကျေးရွာအုပ်စု မယ်သီလကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက အလှူရှင်များက ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ငပုတောမြို့နယ် တောင်ကလေးအုပ်စုမယ်သီလကျေးရွာ မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အလှူရှင် ဒေါ်ဌေး၊ သမီး မနွယ်စန္ဒီလွင် (မြန်မာအေးဆန်ဆိုင်) ပုသိမ်မြို့မှ တစ်အိမ်ထောင်လျှင် (၂၀၀၀၀၀)ကျပ်နှုန်းဖြင့် (၁၆)အိမ်ထောင်အတွက် ငွေကျပ် (၃၂၀၀၀၀၀) ကျပ်နှင့် စား‌သောက်ဖွယ်ရာများအား မီးဘေးသင့်ပြည်သူများထံ လာရောက်လှူဒါန်းသွားခဲ့‌ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)