တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အင်္ဂလိပ်စာ (Basic Grammer) သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး

တောင်ဥက္ကလာပ မတ် ၅

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ Basic Grammer အင်္ဂလိပ်စာအခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ အင်္ဂလိပ်စာ (Basic Grammer) သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းနည်းပြဆရာ ဦးမြင့်မောင်က Basic Grammer တွင် Nouns ၊ Pronouns ၊ Adjectives ၊ Verbs ၊ Adverbs ၊ Conjunctions ၊ Interjection စသည်နှင့်ပတ်သက်သည့် ရေးနည်း၊ တွေးနည်း၊ စဉ်းစားနည်း စသည့်အကြောင်းအရာများအား သင်ကြားပေးခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာအခြေခံသင်တန်းသို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ ၁၁ နာရီထိ သင်ကြားပို့ချပေးကြောင်း သိရသည်။ 

ခင်ဆွေနှင်း (ပြန်/ဆက်)