ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်းခြောက်မျိုး အခမဲ့ဖွင့်လှစ်သင်ကြားပေး

ဒဂုံအရှေ့ မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အ‌ရှေ့ပိုင်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်းခြောက်မျိုး အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး မြို့နယ်အားကစားကွင်းတွင် ဘောလုံး၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်သင်တန်းများကိုလည်းကောင်း၊ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတွင် မြန်မ့ာသိုင်းနှင့် အေရိုးဗစ်သင်တန်းများကိုလည်းကောင်း၊ မြို့နယ်ဖူဆယ်ကွင်းတွင် ဖူဆယ်ဘောလုံးသင်တန်းစသည့် အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ