မရမ်းကုန်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့)ကို ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။
ထိုသိုဖွင့်လှစ်ရာတွင် မြို့နယ်စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးရှင်ဇာနန်က အဖွင့်အမှာစကားကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ အတွင်းရေးမှူး ဒေါ်သီသီစန်းက မုဒိတာစကားကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ စမ်းချောင်းစမ်းကိုက ပို့ချမည့်ပညာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ၅-၃-၂၀၂၆ ရက်နေ့မှ ၂၈-၃-၂၀၂၆ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၄၃)ဦးအား နံနက် ၉ နာရီမှ ၁၁ နာရီခွဲအချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)