အလုံမြို့နယ်၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

အလုံ မတ် ၅

အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက စာရေးဆရာမ မေဇွန်အေး ရေးသားသည့် “ကောင်းကင်ကိုဖွင့်မယ့်ကြယ်”  စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါခေါင်းစဉ်ဖြစ်သည့် “‌ကောင်းကင်ကိုဖွင့်မယ့်ကြယ်” အကြောင်းအရာအား ဆွေးနွေးခဲ့သည်။

ထို့နောက် Youth Club အဖွဲ့ဝင် မပြည့်ဝသုန်မွန်က “မျောနေတဲ့မြစ် ကမ်းတော့ရှိသည်” စာအုပ်ပါခေါင်းစဉ်ဖြင့် ကောက်နုတ်ဆွေးနွေးခဲ့ရာ Youth Club အဖွဲ့ဝင်များက စာအုပ်တွင် ပါရှိသည့်အကြောင်းအရာတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းသို့ Youth Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကိုလည်း စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရွှေလုံသား (မြို့နယ် ပြန်/ဆက်)