ရန်ကင်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် ပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းကို ယနေ့တွင် ဆက်လက်သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက် ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းကာလကို မတ်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ (၁၇)ရက်တိုင်တိုင် သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းစတင်ဖွင့်လှစ်သည့်နေ့မှစ၍ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၇၅)ဦးထိရှိပြီး ကလေးများပျော်ရွှင်စွာဖြင့် စိတ်ပါ၀င်စားစွာ ဆက်လက်သင်ယူခဲ့ကြကြောင်း သတင်းရရှိသည်။
ရဲလေး (ပြန်/ဆက်)