ပင်လောင်း ဩဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါ မဲစာရင်းများ၌ အချက် အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက် ကြည့်ရှုပြီး ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ပြင်ဆင်ရန်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း၊ ဩဂုတ် ၅ ရက် ညနေပိုင်း အထိ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ (၃)ဖြင့် လျှောက်ထားသူ ၁၃၂ မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ ပုံစံ (၄)ဖြင့် လျှောက်ထားသူ ၇၀ဦး မဲစာရင်းနှင့်စပ်လျဉ်းသော ပြင်ဆင်လွှာ ပုံစံ (၄-ဂ)ဖြင့် လျှောက်ထားသူ ၃၀၅ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင်ထံမှသိရှိရသည်။
ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁)တွင် မဲဆန္ဒရှင် ၆၄၃၆၇ ဦး၊မဲဆန္ဒနယ်(၂)တွင် မဲဆန္ဒရှင် ၆၄၃၉၁ ဦး၊ မဲဆန္ဒ နယ်(၁)(၂)တွင် လျာထားမဲရုံ အရေအတွက် ၁၄၃ ရုံရှိပြီး ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင် ဦးရေစုစုပေါင်း ၁၂၈၇၅၈ ဦးရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်