မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအထောက်အကူပြု (VRFP)ရန်ပုံငွေပေးအပ်

အောင်လံ ဩဂုတ် ၅

နိုင်ငံတော်၏ ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်ကိုအထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ် တောင်သူ များ စိုက်ပျိုး မွေးမြူရေးနှင့် အသေးစားစီးပွားရေးများအတွက် လိုအပ်သောအရင်းအနှီးများရရှိစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေး အရင်းအမြစ်ရရှိရေး ဆောင်ရွက်နိုင်စေရန်တို့ အတွက်ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်သော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ဩဂုတ်လ(၅)ရက်နေ့ နံနက်(၁၀)နာရီက   မကွေးတိုင်းဒေသကြီး  အောင်လံ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါပေးအပ်မှုတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က အမှာစကားပြောကြားပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ရန်ပုံငွေပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ (VRFP)စီမံကိန်းရန်ပုံငွေ ကျပ်သန်းပေါင်း(၃၃၀)အား တက်ရောက်လာသော တာဝန်ရှိသူများ ကပေးအပ်ရာ ကျေးရွာ (၁၂)ရွာရှိ  ကျေးရွာရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဘဏ္ဍာရေးမှူးများမှ လက်ခံရယူခဲ့ကြကြောင်းသိရသည်။

သိန်းလွင်(အောင်လံ)