ကျောက်တံတား ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရန်နှင့် ပြည်သူများမီးသတိမူနိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မဟာဗန္ဓုလလမ်းနှင့် ဆူးလေဘုရားလမ်းတွင် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၏ ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာနမှ အရာရှိနှင့်တပ်ဖွဲ့ဝင်များက လူစည်ကားရာနေရာများဖြစ်သည့် မဟာဗန္ဓုလပန်းခြံရှေ့၊ မြို့တော်ခန်းမရှေ့နှင့် ဆူးလေဘုရားလမ်းရှိ ခရီးသွားပြည်သူများသို့ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ဘေးဒုက္ခအန္တရာယ်များအား ခေတ်နှင့်အညီ အိုင်တီနည်းပညာအသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံနိုင်ရေး နည်းပညာအချက်အလက်များပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)