သင်္ဃန်းကျွန်း မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (အ-ထ-က(၁)သင်္ဃန်းကျွန်း၊ အ-ထ-က(၄)သင်္ဃန်းကျွန်း၊ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ)၊ အ-လ-က(၁)ထ(ခွဲ)သင်္ဃန်းကျွန်း) ကျောင်းများတွင် ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့ကြသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) စတင်ဖြေဆိုရာသို့ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ ကျောင်းလုံခြုံရေးအဖွဲ့ဝင်များက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေး တာဝန်ရှိသူများက ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည်။ သင်္ဃန်းကျွန်းမြို့နယ်၌ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၃၀၉)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)