မြစ်သားမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြစ်သား မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ နွေရာသီကျောင်း ပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၁၄ ရက် နံနက်  ၁၀ နာရီက‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က အမှာစကား‌ပြောကြားရာတွင် ပန်းချီပညာနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တန်ဖိုးထားတတ်စေရန် သင်တန်းကာလသင်ကြားမှုအပေါ်စိတ်ပါဝင် စားစွာသင်ယူခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ အ‌ခြေခံပန်းချီ‌ရေးဆွဲနည်း သင်တန်းနည်းပြဆရာ ဦးဇော်ဇော်ဝင်းက ပြိုင်ပွဲဝင် ပန်းချီကားများ၏ ဆေးရောင်ခြယ်ခြင်းခြင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို အသေးစိတ်ရှင်းလင်းပြောကြား ခသည်။

ထိုနောက် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အကြီးတန်းအဆင့်နှင့် အငယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ  ဆုရရှိသော ပထဒုတိယ၊ တတိယ၊ အထူးဆုများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ပထဒုတိယ၊ တတိယ၊ အထူးဆုများ ရရှိသောပြိုင်ပွဲဝင်  ကျောင်းသား‌၊ ကျောင်းသူများနှင့် သင်တန်းကာလ တစ်‌လျှောက်အထူးချွန်ဆုံး ပြိုင်င်ပွဲဝင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်၊ အ‌ခြေခံပန်းချီ‌ ရေးဆွဲနည်း သင်တန်းနည်းပြဆရာ ဦးဇော်ဇော်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ ကျောင်းသား၊ ကျောင်းသူများ၏မိဘများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)