လပွတ္တာ မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၈) ခုတို့၌ ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန(၈)ခုတို့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအား ဖြေဆိုမှုစာရင်းရှိ (၁၃၅၈) ဦး ရှိသည့်အနက် (၁၂၅၁)ဦးဖြေဆိုလျက်ရှိပြီး (၁၀၇) ဦး ပျက်ကွက်လျက်ရှိရာ ပျက်ကွက်မှုရာခိုင်နှုန်း ၇ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းစာစစ်ဌာန (၈)ခုတို့၌ ကျောင်းတွင်ဖြေဆိုရန်(၉၇၁)ဦး၊ ပြင်ပဖြေဆိုရန်(၂၈၀)ဦး ကျောင်းတွင်းနှင့်ပြင်ပဖြေဆိုသူ စုစုပေါင်း(၁၂၅၁)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၁၂ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အတွင်းစည်း၊ အပြင်စည်းဖြင့် အနီးကပ်ကြီးကြပ် စောင့်ရှောက် ပေးလျက်ရှိကြောင်းသိ ရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)