ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိ

ဇလွန် မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် စာစစ်ဌာန (၁၁)ခု တို့တွင် အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိသည်။

ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို အ.ထ.က (၁) ဇလွန်၊ အ.ထ.ကကျုံရှစာဖြူစု၊ အ.ထ.က ဒေါင့်ကြီး၊ အ.ထ.က ပျဥ်းမကုန်း၊ အ.ထ.ကရွှေကျောင်း၊ အ.ထ.က မေရီလန်း၊ အ.ထ.ကသပြုကွင်း၊ အ.ထ.က ကော့ကပ်ကြီ ၊ အ.ထ.ကရေလဲ၊ အ.ထ.ကဂုံညင်းတန်း၊ အ.ထ.ကမြစ်ဝကျောင်း စာစစ်ဌာန(၁၁)ခု တို့တွင်အေးချမ်းစွာ ဆက်လက်ဖြေဆို​လျက်ရှိပြီး ယနေ့ ဇီဝဗေဒဘာသာရပ်ကို ကျား (၆၃)ဦး၊ မ (၁၅၈)ဦး စုစုပေါင်း(၂၂၁)ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၀၄) ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ်ကို ကျား (၂၈၄)ဦး၊ မ(၃၃၉)ဦး စုစုပေါင်း (၆၂၃) ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၈၉.၇၇ ) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးက သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့်စာစစ်ဌာနများအား ဇလွန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေးဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စာစစ်ဌာနအလိုက်စောင့်ကြပ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)