အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ECCD Certificate ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

အမာ မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ECCD Certificate ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကျင်းပရာတွင် ဦးစွာ အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊  မူလတန်းကြိုကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆုတံဆိပ်နှင့် ECCD Certificate များ ပေးအပ်ချီးမြှင့်‌ပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူလေးများမှ ပဒေသာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အမာမြို့ ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမာမူလတန်းကြိုကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီဝင်များ၊  ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)