ဓနုဖြူ ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ၌ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေး အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ဌာနဆိုင်ရာများနှင့်အတူ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေး အသင်းအဖွဲ့များအား ဂုဏ်ပြုပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မြင့်တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြရာ အသင်းအဖွဲ့များက လက်ခံရယူကြသည်။
အဆိုပါ ၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်တွင်းရှိ ကိုဗစ်-၁၉ ရောဂါ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (၁၁)ခုမှ လူပုဂ္ဂိုလ် (၂၅၇)ဦးတို့အား ဂုဏ်ပြု ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)