ငွေဆောင် မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို မတ် ၁၇ ရက်နေ့နံနက်(၉)နာရီက မြို့အတွင်းရှိ စာစစစ်ဌာန(၂)ခု၌ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ငွေဆောင်မြို့အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပရာ စာစစ်ဌာန(၂) ခုဖြစ်သော အ.ထ.က (ငွေဆောင်) စာစစ်ဌာန၌ ဘောဂဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ(၈၁)ဦး၊ ဇီဝဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ (၉)ဦးရှိပြီး အ.ထ.က(သလပ်ခွာ) စာစစ်ဌာန၌ ဘောဂဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ (၁၁၄) ဦး၊ ဇီဝဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ (၁၀)ဦးရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုလျက်ရှိသော ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စာမေးပွဲကြီးကြပ်ရေးဆရာ၊ ဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များမှ အတွင်းစည်း/ အပြင်စည်း လုံခြုံရေးအား တာဝန်ယူစောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်လင်းဦး (ပြန် / ဆက်)