၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့အား ကျောင်းသား ကျောင်းသူ (၂၄၇၆)ဦး ဖြေဆိုပြီးစီး

ဟင်္သာတ မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၃)ခုတွင် ယနေ့နံနက် ၉ နာရီအချိန်က ဇီဝဗေဒဘာသာရပ်ကိုကျောင်းသား၊ ကျောင်းသူ (၈၅၁)ဦးနှင့် ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၁၆၂၅)ဦးစုစုပေါင်း (၂၄၇၆)ဦးတို့က အေးချမ်းစွာ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၃)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုင်နိုင်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးဦးထင်အောင်ကျော်နှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်အား ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၂၆၄၄) ဦးအနက်မှ ဖြေဆိုသူ (၂၄၇၆) ဦး ဝင်ရောက်ဖြေဆိုပြီးစီးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)