တောင်ကြီး မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) အပြည်ပြည်ဆိုင်ရာမျိုးဆက်သစ်(မြန်မာ)အဖွဲ့မှ ဦးစီးပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြပြုဗဟိုဌာန၊ ဘက်စုံသုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆီဆိုင်မြို့နှင့် တောင်ကြီးမြို့နယ်ရှိ တောင်သူအစုအဖွဲ့များ၏ အတွေ့အကြုံဖလှယ်ခြင်း ဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ မျိုးဆက်သစ်(မြန်မာ)အဖွဲ့ ဒေါ်ခင်မြတ်ထွန်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။ အပြည်ပြည်ဆိုင်ရာ မျိုးဆက်သစ်(မြန်မာ)အဖွဲ့ ကိုဌေးအောင်က စီမံကိန်းလုပ်ငန်းအကြောင်း တင်ပြခဲ့သည်။ လွယ်မန်းကျေးရွာ ငရုပ်စိုက်တောင်သူ ခွန်နိုင်ထွန်းဝေက လုပ်ငန်းအတွေ့အကြုံများ မျှဝေပေးခဲ့သည်။ လယ်ပြင်အောက်ကျေးရွာ ငရုပ်စိုက်တောင်သူ နန်းမာလာက လုပ်ငန်းအတွေ့အကြုံများ မျှဝေပေးခဲ့သည်။ ခြသေ့်မင်း မျိုးစေ့ကုမ္ပဏီ ဦးဟန်မြင့်က ငရုပ်ဈေးကွက်အကြောင်းနှင့် မျိုးစေ့အကြောင်း မျှဝေပေးခဲ့သည်။
စိုင်းသန်းကျော်(တောင်ကြီး)