ဖျာပုံမြို့နယ်တွင် (၂၀၂၆) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆဋ္ဌမနေ့ ဘောကဗေဒနှင့်ဇီဝဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို

ဖျာပုံ မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၀၂၆)ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား စာစစ်ဌာန(၁၁)ခုဖြင့် ကျင်းပဆောင်ရွက်ရာ ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဘောကဗေဒနှင့် ဇီဝဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြသည်။
ဖျာပုံမြို့နယ်အနေဖြင့် စာစစ်ဌာန(၁၁)ခုရှိသည့်အနက် စာမေးပွဲဖြေဆိုရန် စာရင်းရှိသူ ကျောင်းသား/သူ ဦးရေ (၁၇၆၈) ဦးရှိပြီး ယနေ့ဆဋ္ဌမနေ့ ဘောကဗေဒနှင့် ဇီဝဗေဒဘာသာရပ်အား ဖြေဆိုသူ (၁၆၅၆) ဦးလာရောက်ဖြေဆိုသဖြင့် ပျက်ကွက် (၁၁၂) ဦး ရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၆၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖျာပုံမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများအေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ပညာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကြီးကြပ်တာဝန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်