မော်လမြိုင်ကျွန်း မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ယမန်နေ့နံနက် (၉) နာရီအချိန်က စာစစ်ဌာနအသီးသီးတို့၌ ကျောင်းသား၊ ကျောင်းသူများဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ အန္တရာယ်ကင်းရှင်းစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၏ ဦးဆောင်စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို ပူးပေါင်းကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် စာစစ်ဌာန (၈) ခုရှိပြီး စာစစ်ဌာနအသီးသီးတို့တွင် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ဦးရေမှာဘောဂဗေဒဘာသာရပ်မှာ စာရင်းရှိ (၁၆၂၀) ဦးရှိပြီး ဇီဝဗေဒဘာသာရပ်မှာ စာရင်းရှိ (၂၃၅) ဦး စုစုပေါင်း (၁၈၅၅) ဦးရှိပြီး ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုသူ (၁၅၀၈) ဦးနှင့် ဇီဝဗေဒဘာသာရပ်တွင် ဖြေဆိုသူ (၂၂၃) ဦး စုစုပေါင်း (၁၇၃၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ၎င်းတို့ဘာသာရပ်များတွင် (၁၂၄) ဦး ပျက်ကွက်ခဲ့ရာ ဖြေဆိုသည့် ရာခိုင်နှုန်းမှာ ဘောဂဗေဒဘာသာရပ်တွက် (၉၃.၀၉) ရာခိုင်းနှုန်းနှင့် ဇီဝဗေဒဘာသာရပ်တွင် (၉၄.၈၉) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ရဲကိုမောင်