ဘိုကလေး မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၂၀၂၆) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန(၉)ခုဖြင့် မတ်လ(၁၁)ရက်နေ့မှစတင်၍ ကျင်းပဆောင်ရွက်ရာ ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်များအား ဖြေဆိုပြီးစီးခဲ့ပြီး အ.ထ.က(၁) စာစစ်ဌာနတွင် ကျောင်းသား/သူများအား မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အအေးများအား ဝေငှတိုက်ကျွေးခဲ့ကြသည်။
ဘိုကလေးမြို့နယ်အနေဖြင့် စာစစ်ဌာန (၉) ခုရှိသည့်အနက် စာမေးပွဲဖြေဆိုရန် စာရင်းရှိသူ ကျောင်းသား/သူဦးရေ (၁၆၃၀) ဦးရှိပြီး ယနေ့ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာသာရပ်များ ဖြေဆိုရာတွင် (၁၅၂၅) ဦး လာရောက်ဖြေဆိုသဖြင့် ပျက်ကွက် (၁၀၅) ဦးရှိကြောင်း၊ ဖြေဆိုမှု ရာခိုင်နှုန်း (၉၃.၅၆) ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအပါအဝင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကြီးကြပ်တာဝန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးစက်