အမာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ဆက်လက်ဖြေဆိုပြီးစီး

အမာ မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇီဝဗေဒဘာသာနှင့် ဘောဂဘာသာရပ်များကို အ.ထ.က(အမာ) စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှစ၍ အေးချမ်းစွာဖြေဆိုခဲ့ပြီး နေ့လယ် ၁၂ နာရီတွင် ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆို နိုင်ရေးအတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟန်ထွန်း၏ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးဆောင် ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြင်ပစည်းလုံခြုံရေးအဖွဲ့ဖြင့် စောင့်ကြပ်လျက်ရှိပြီး ကျန်းမာရေးဌာနကလိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ် များအတွက်လည်း ပြင်ဆင်စောင့်ကြပ်လျက်ရှိသည်။

အမာမြို့၊ စာစစ်ဌာန၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အမာအထကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၆၄)ဦး၊ တယ်ပင်ဆိပ်အထကကျောင်းမှ (၃၁)ဦး၊ ပြင်ပဖြေဆိုသူ(၁၁)ဦးရှိရာ စာမေးပွဲဖြေဆိုသူ ကျား(၃၂)ဦး၊ မ(၇၄)ဦး၊ စုစုပေါင်း (၁၀၆)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု (၉၈.၁၅) ရာခိုင်နှုန်းရှိကြောင်းနှင့်  ပျက်ကွက်သူ (၂ )ဦး ရှိကြောင်း သိရသည်။

အမာ(ပြန်/ဆက်)