မိုင်းပျဉ်း မတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးသော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ ခုနှစ် ယမန်နေ့မွန်းလွဲပိုင်းက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ကျန်ရွာသွားလမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကျော်နှင့် အဖွဲ့ဝင်များလိုက်ပါပြီး၊ မိုင်းပျဉ်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဆေးလယ်ပေါင်က ၂၀၂၅−၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော MTKT−ဝမ်ကျန်လမ်းအရှည် (1.609km)အား သတ်မှတ်လမ်းအကျယ်ရရှိအောင် မြေသားချဲ့၍ ကျောက်ရောမြေဖြင့်(5.49m) အကျယ်(100mm)ထု အပွန်းခံလွှာခင်းခြင်းလုပ်ငန်း၊ MTKT− ဝမ်ကျန်လမ်း မြေသားလမ်းပေါ်ရှိကျောက်စီကမ်းကပ်ခုံ၊ သံကူကွန်ကရစ်ကြမ်းခင်း Box Culvert (၃)စင်းတည်ဆောက်ခြင်း (၅'×၅'×၂၄')လုပ်ငန်းတို့ကို ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၁၁.၀၀၀)ဖြင့် (၁−၁၀−၂၀၂၅)ရက်နေ့မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး၊ (၁-၃-၂၀၂၆) ရက်နေ့တွင် လုပ်ငန်းအားလုံး ၁၀၀% ပြီးစီးပြီဖြစ်ကြောင်း မြေပြင်ဆောင်ရွက်ထားမှုအနေအထားဖြင့် ရှင်းလင်းတင်ပြရာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဝမ်ကျန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)