မိုင်းယောင်းမြို့၌ ရိုးရာအစဉ်အလာမပျက် အတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း မတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ရိုးရာအစဉ်အလာမပျက် အတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က  နှစ်သစ်ကူးမြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် အမှာစကားပြောကြား၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ အစည်းအဝေး တက်ရောက်လာသူများက အတာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်အခြေအနေအား သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်ထွေ/အုပ်ရုံးခန်း၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြီး မြို့နယ်ထွေ/အုပ်စိုက်ခင်းမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို မြို့နယ်ထွေ/အုပ်ဝန်ထမ်းများအား ဖြန့်ဝေပေးသည်။ ယင်းနောက် ဗလမင်းထင်ခန်းမတွင် KTV လုပ်ငန်းရှင်များအား တည်ဆဲဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရေးအသိပညာပေးခြင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)