ကျေးသီး မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးပြိုင်ပွဲများနှင့် ကလေးစာဖတ်ခန်း Activity များကို ယနေ့နံနက်(၉)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဉ်က ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြရေးစသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာတို့ကို ပြောကြားခဲ့သည်။
ယင်းနောက် ကဗျာရွတ်ပြိုင်ပွဲ၊ ကလေးစာဖတ်ခန်းActivity တို့ကို ပြုလုပ်ပေးရာ ကျောင်းသား/ကျောင်းသူတို့က တပျော်တပါးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူတို့အား ဆုချီးမြှင့်ပေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)