လက်ပံတန်း မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဘဲကွင်းကျေးရွာအုပ်စု၊ နဘဲကွင်းကျေးရွာ ရွာတွင်းဂဝံမြေနီလမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ တက်ရောက်သည်။
အခမ်းအနားတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးလွင်ကကျေးရွာတွင်း ဂ၀ံမြေနီလမ်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသက်စိုးက VDP စီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်၊ သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးလွင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသက်စိုးတို့က ကျေးရွာဂ၀ံမြေနီလမ်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အရှည်ပေ ၂၁၀၀၊ အကျယ်၁၂ပေ နှင့် ၆လက်မထုရှိ နဘဲကွင်းကျေးရွာ ဂ၀ံမြေနီလမ်းကို လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၅ သန်းနှင့် ကျေးရွာပြည်သူတို့မှ (ပစ္စည်း/လုပ်အား) ပူးပေါင်းပါဝင်မှုဖြင့် ခင်းကျင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်သွားလာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)