ပင်းတယမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ စက်မှုအထူးပြုဘာသာရပ် ဆက်လက်ဖြေဆို

ပင်းတယ မတ် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စုရှိ (ကျုံး)စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းစာစစ်ဌာနတွင် စက်မှုအထူးပြုဘာသာရပ်ကို ကျောင်းသား/သူများ ဆက်လက်ဖြေဆိုနေကြကြောင်း သိရသည်။

ယနေ့တွင် မြို့ပြပုံဆွဲ၊ အခြေခံပရိုဂရမ် မိတ်ဆက်၊ စက်မှုပုံဆွဲဘာသာရပ်တွင် ကျောင်းသား/သူစာရင်းရှိ(၈၈)ဦး၊ ဝင်ရောက်ဖြေဆိုသူ(၈၈)ဦး၊ ပျက်ကွက်သူမရှိကြောင်း သိရကာ စာမေးပွဲဖြေဆိုသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက်   ပင်းတယမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊  ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အသင်းဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)