လဲချားမြို့တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းငှားရမ်းပေး

လဲချား ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးပိတ်ရက်အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

ထိုသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူမှုဝန်ထမ်းဦးစီးဌာနသို့ သုတ၊ ရသစာအုပ်၊ စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)