ဘိုကလေး မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားခန်းမတွင် ယခုနှစ် နွေရာသီမှစတင်၍ အခြေခံအားကစားသင်တန်းများ ဖွင်လှစ်ပို့ချလျက်ရှိရာ မတ် ၁၇ ရက်နေ့နံနက်(၁၁)နာရီ အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ အဆိုပါ အားကစားခန်းမသို့သွားရောက်၍ သင်တန်းသား/ သူများအား လူငယ်အသိပညာပေး ဟောပြောပွဲနှင့်အတူ ပြပွဲများ ဆောင်ရွက်ခဲ့သည်။
ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က လူငယ်များ၏ ဘဝတန်ဖိုးမြင့်မားစေရေး၊ ဘက်စုံထူးချွန်ဖွံ့ဖြိုးစေသော လူငယ်များ ဖြစ်ပေါ်လာစေရေးအတွက် စာများများဖတ်ရှုကြရန် တိုက်တွန်းမှုများနှင့်အတူ ဟောပြောခဲ့ပြီး သင်တန်းသား/သူ လူငယ်မောင်မယ်များအား ကဏ္ဍစုံ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစုံ စာအုပ်စာပေများအား ခင်းကျင်းချိတ်ဆွဲပြသ အသိပညာပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)