ကျောက်မဲ မတ် ၁၇
လူငယ်များ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘာသာစကားအသုံးပြုနိုင်စွမ်း မြှင့်တင်နိုင်စေရန်ရည်ရွယ်၍ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကာ လူငယ်များအတွက် ရုပ်ပုံကြည့်စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ခရိုင်ရုံး Community Centre ၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ရုပ်ပုံများကိုပြသကာ ယင်းနှင့်ကိုက်ညီသောစကားပုံများကို ဖြေကြားနိုင်ရေးအတွက် ယှဉ်ပြိုင်စေခဲ့ပြီး လူငယ်(၁၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲမှတစ်ဆင့် လူငယ်များ၏ စဉ်းစားနိုင်စွမ်း၊ မှတ်ဉာဏ်နှင့်ဘာသာစကား အသုံးပြုနိုင်စွမ်းတို့ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)