အိမ်မဲမြို့တွင် နွေရာသီအားကစားအခြေခံသင်တန်းများဖွင့်လှစ်သင်ကြား

အိမ်မဲ မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့တွင်လည်း ဆက်လက်သင်ကြားလျက်ရှိသည်။

နွေရာသီအားကစားအခြေခံသင်တန်းများမှာ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘောလုံး၊ ဘော်လီဘော၊ Fitness Dance တို့ဖြစ်ကြပြီးသင်တန်းတွင် သင်တန်းသား/သူ (၁၄၀)ဦးရှိကြောင်းသိရ သည်။

“အိမ်မဲမြို့နယ်မှာ ထူးချွန်ထက်မြတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမား ကောင်းများပေါ်ထွက်လာစေရန် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားအတတ်ပညာများနှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်၍ အားကစား သင်တန်းများဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း” မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)