ကျုံပျော် မတ် ၁၈
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၁) ခုဖြင့် ဖွင့်လှစ်စစ်ဆေးလျက်ရှိရာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာ ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် ကျုံပျော်မြို့နယ်တွင် အတွင်းဖြေနှင့် အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၀၅)ဦး စာရင်းပေးသွင်းထားပြီး၊ ဇီဝဗေဒဘာသာရပ်တွင် ကျောင်းသား(၁၂၇)ဦး၊ ကျောင်းသူ (၃၁၀)ဦး၊ စုစုပေါင်း (၄၃၇)ဦးဖြေဆိုပြီး ဖြေဆိုရာနှုန်း (၉၅.၀၀)% ဖြစ်ကြောင်း၊ ဘောဂဗေဒဘာသာရပ်တွင် ကျောင်းသား(၃၈၈)ဦး၊ ကျောင်းသူ (၄၇၉)ဦး၊ စုစုပေါင်း (၈၆၇)ဦးဖြေဆိုပြီး ဖြေဆိုရာနှုန်း (၉၁.၇၅)% ဖြစ်ကြောင်း၊ ဘာသာရပ်နှစ်ခုအတွက် စုစုပေါင်း ဖြေဆိုရာနှုန်း (၉၂.၈၁)% ဖြစ်ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အ.ထ.က(၁) ကျုံပျော်၊ အ.ထ.က(၂)ကျုံပျော်၊ အ.ထ.က (သောင်ကြီး)၊ အ.ထ.က (အထောင်)၊ အ.ထ.က(လှည်းဆိပ်)၊ အ.ထ.က(မိုးကြိုးပစ်)၊ အ.ထ.က(ရေတွင်းရိုး)၊ အ.ထ.က (အင်းရဲ)၊ အ.ထ.က(ဒိုက်ပျက်)၊အ.ထ.က(ရေစခန်း)နှင့် အ.ထ.က(တောက်တဲ့ရိုး)စသည့် စာစစ်ဌာန (၁၁) ခုဖြင့် ဖွင့်လှစ် စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး၊ ဖြေဆိုသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းစွာ ဖြေဆိုခဲ့ကြရကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)