မြန်အောင် မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၈)ခုတွင် မတ် ၁၇ ရက်နေ့နံနက်က ကျောင်းသား/ ကျောင်းသူ(၈၄၃)ဦး ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသည့် အ.ထ.က (၁) မြန်အောင်၊ အ.ထ.က(ကနောင်)၊ အ.ထ.က (သပြေကုန်း)၊ အ.ထ.က (အင်ပင်)၊ အ.ထ.က(တာခွ)၊ အ.ထ.က (ဇလုပ်မ)၊ အ.ထ.က (လက်ပံကွင်း)နှင့် အ.ထ.က (ရွှေကျင်) စာစစ်ဌာနတို့တွင်စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၉၃၇)ဦးရှိသည့်နက် ယနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာ ရပ်ဖြေဆိုသူဦးရေ(၈၄၃)ဦး၊ ပျက်ကွက်သူဦးရေ(၉၄)ဦးရှိပြီး ဖြေဆိုရာခိုင်နှုန်း (၈၉.၉၇%) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး ဦးကျော်တင်ဝင်းနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး စာမေးပွဲ ကြီးကြပ်ရေးဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)