လပွတ္တာ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၈) ခုတို့၌ မတ် ၁၇ ရက်နေ့နံနက် ၉ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆိုလျက်ရှိပြီး နေ့လယ် ၁၂ နာရီအချိန်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား အေးချမ်းပျော်ရွှင်အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြကြောင်း သိရသည်။
၎င်းစာစစ်ဌာန(၈)ခုတို့၌ ကျောင်းတွင်ဖြေဆိုရန်(၉၇၁)ဦး၊ ပြင်ပဖြေဆိုရန်(၂၈၀)ဦး ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း(၁၂၅၁)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၁၂ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို စီမံဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား အေးချမ်းစွာဖြေဆိုနိုင်ပြီး ပျော်ရွှင်စွာ ထွက်လာခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)