ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေနှင့်နံရံကပ်စာစောင် ပြသ

ညောင်ဦး မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေနှင့် နံရံကပ်စာစောင်ပြသခြင်းကို မတ် ၁၈ ရက်၊ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

စာအုပ်စာပေနှင့် နံရံကပ်စာစောင်ပြသခြင်းကို ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူက ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက် ပြင်ပစာပေဗဟုသုတများရှာမှီးပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာအုပ်စာပေပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်၊ စာပေများအား ကြည်ရှုကြသည်။ ဆက်လက်၍ မြန်မာပြည်အရပ်ရပ်မှ ရိုက်ကူးထားသည့် ပြိုင်ပွဲဆုရဓာတ်ပုံများနှင့် နံရံကပ်စာစောင်များ ဆက်လက်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်ပြသခြင်းအား ဇေတဝန်ဘုန်းတော်ကြီးသင် ကျောင်းသား၊ ကျောင်းသူများ၊ တော်ဝန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ရွှေဂူမိဘမဲ့ဘုန်းတော်ကြီးသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) နှင့် (မြို့မ) ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း