တောင်ငူ၌ တတိယအကြိမ်မြောက် အခြေခံလူတန်းစားများအတွက် ကိုဗစ်-၁၉ ထောက်ပံ့ငွေများ  ပေးအပ်

တောင်ငူ ဩဂုတ် ၅

ကိုဗစ် -၁၉ ကာလအတွင်းအခြေခံလူတန်းစားများအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို တောင်ငူမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သြဂုတ်လ ၄ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှနိုင်ငံတော်က ကိုဗစ် -၁၉ ကာလအတွင်း အခြေခံ လူတန်းစားများအတွက် တတိယ အကြိမ် ထောက်ပံ့ပေးအပ်ငွေ(၂၀၀၀ဝိ/-)အား၊ ပေးအပ်ရခြင်း နှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး၊ စနစ်တကျစိစစ်၍ အမှန် တကယ်ရသင့်သူများ မကျန်ခဲ့စေရေး ကြပ်မတ်ဆောင်ရွက်ကြရန် စာရင်းစစ်အဖွဲ့နှင့် စာရင်းစစ်ဆေးခံကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း လူစုရုံးမှုမဖြစ်စေရန်၊ အမှန်တကယ် ဆင်းရဲနွမ်းပါးသူများထံ အိမ်တိုင်ယာ ရောက် ပေးအပ်ကြရန် ပြောကြားပြီး အိမ်ထောင်စုပေါင်း (၁၀၂၁၂) အတွက်  ရပ်ကွက်အလိုက် ထောက်ပံ့ငွေများအား အုပ်ချုပ်ရေးမှူး များထံ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ (ကိုယ်စား)ရုံးအဖွဲ့မှူး ဦးသိန်းလွင်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(တောင်ငူ)