ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများအကြောင်း အသိပညာပေးဟောပြော

ကျောက်ဆည် မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်များ၏ဝတ်စားဆင်ယင်မှု၊ လူငယ်နှင့်အကျင့်စရိုက်များအကြောင်းနှင့် မြန့်မာ့ရိုးရာဝတ်စားဆင်ယင်မှုများအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းက အမျိုးသားယဉ်ကျေးမှုအကြောင်းများကို အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများရှိ ကျောင်းသားလူငယ်များ၊ အမျိုးသမီးငယ်များ ၄၈ ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချသည့်အနေဖြင့် လူငယ်များက ခရိုင်ပြည်သူ့စာကြည့်တိုက်မှ သုတ/ရသစာအုပ်များကို ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)