နမ့်စန်(တ) မတ် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဖွင့်လှစ်နေသည့် ပန်းချီရေးဆွဲနည်းနှင့် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးရေးနည်း အခြေခံသင်တန်း တက်ရောက်နေကြသော သင်တန်းသားသင်တန်းသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ယနေ့နံနက် ၁၀ နာရီခွဲ၌ အာဟာရမုန့်များ ပေးဝေခဲ့ပြီး ပန်းချီသင်တန်း အထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပန်းချီရေးဆွဲနည်းနှင့် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးရေးနည်းအခြေခံသင်တန်းကို မတ်လ(၅)ရက်မှ စတင်ဖွင့်လှစ်၍ အခမဲ့သင်ကြားနေခြင်းဖြစ်ပြီး သင်တန်းတက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၆၇)ဦးကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်နှင့် အဖွဲ့ဝင်များက အာဟာရပြည့်မုန့်များပေးဝေခဲ့ပြီး ပန်းချီသင်တန်းအတွက် သင်တန်းသုံး အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)