စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အ.ထ.က (လက်ပံပျား) ၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ကျောင်းသား/ကျောင်းသူ ၃၄ ဦး ဝင်ရောက်ဖြေဆို

ကျောက်ပန်းတောင်း မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာ၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းမှ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ စက်မှုဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၃၄ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(လက်ပံပျား) တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ စက်မှုဘာသာရပ်ကို ကျောင်းသား  ၂၃ ဦး၊ ကျောင်းသူ ၁၁ ဦး ပေါင်း ၃၄ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရပြီး၊ အဆိုပါကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်နွယ်နှင့်တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ပံပျားနယ်မြေရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး/ ရာအိမ်မှူးများက လုံခြုံရေးနှင့် အုပ်ချုပ်/ စီမံကိစ္စရပ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)