ဒေးဒရဲ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယမန်နေ့နေ့လယ်ပိုင်းတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာန၊ အ.ထ.က(ကျုံဒါး)၊ အ.ထ.က (တော်ကမယ်)နှင့် အ.ထ.က(နောက်ပြန်ဒိုး) စုစုပေါင်း စာစစ်ဌာန(၅)ခုကို စာစစ်ဌာနများအဖြစ် အသုံးပြုလျက်ရှိကြောင်းသိရပြီး တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား(၄၃၂)၊ ကျောင်းသူ (၅၆၂)၊ စုစုပေါင်း (၉၉၄) ဦး ဝင်ရောက်ဖြေဆိုပြီးစီးပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုပြီးစီးရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းကအဖွဲ့များက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်ဖြေဆိုပြီးစီးရေးနှင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း