ညောင်ရွှေ မတ် ၁၈
၂၀၂၆-ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းနှင့် တပ်မတော်နေ့ဖြစ်ပေါ်လာပုံ၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးအကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်အားထက်သန်ပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဖြေမှန်ရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ