မိုင်းဆတ် မတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်အွန်လိုင်းငွေကြေးလိမ်လည်မှု အသိပညာပေးရေးအဖွဲ့က ကြီးမှူး၍ အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်အွန်လိုင်းငွေကြေးလိမ်လည်မှုအသိပညာပေးရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ဥပဒေအရာရှိ ဦးနိုင်လင်းက အွန်လိုင်းငွေကြေးလိမ်လည်မှုမှ ကင်းလွတ်နိုင်ရန်အတွက် သိထားသင့်သည်များအကြောင်းနှင့် ယနေ့ခေတ် IT နည်းပညာ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများအကြောင်းအားလည်းကောင်း၊ အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးကောင်းထက်မင်းက အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် ပတ်သက်သည့် လောင်းကစားဥပဒေအကြောင်းအားလည်းကောင်း၊ အဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းက အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍ သတိပြုရမည့်အချက်အလက်များလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ခရိုင်အွန်လိုင်းငွေကြေးလိမ်လည်မှုအသိပညာပေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)