ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ (ဆဋ္ဌမနေ့) အား သက်ဆိုင်ရာ ဘာသာရပ်များအား ဝင်ရောက်ဖြေဆို

ကြံခင်း မတ် ၁၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ (ဆဋ္ဌမနေ့) အား ယနေ့နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် တို့တွင် ကျောင်းသား၊ ကျောင်းသူ (၆၁၂)ဦး ရာခိုင်းနှုန်းအားဖြင့် ၉၇.၅၂ နှင့် စက်မှုစိုက်ပျိုးမွေးမြူရေး စာစစ်ဌာန (၁)ခုတွင် လက်သမားအတတ်ပညာနှင့် သစ်သားလုပ်ငန်း၊ စက်မှုလုပ်ငန်းသုံး လျှပ်စစ် မော်တာထိန်းချုပ်မှု၊ စက်ခုတ်စားမှုနည်းပညာ၊ လူမှုရေးသိပ္ပံ၊ စားမြုံပြန်သတ္တဝါမွေးမြူထုတ်လုပ်ရေး ဘာသာရပ်တို့၌  ကျောင်းသား၊ ကျောင်းသူ ၇၀ ဦး  ရာခိုင်းနှုန်းဖြင့် ၉၈.၅၉ တို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ပြီး၊ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများအား အလှူရှင်များက အချိုရည် များဖြင့် လှူဒါန်းကြသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ သက်ဆိုင်ရာစာစစ်ဌာနများမှ ဆရာ၊ ဆရာမများက ကျောင်းသား၊  ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန်စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေး မှု များကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့် အညီစနစ်တကျ ဆောင်ရွက်ကြသည်။ အဆိုပါ အ.ထ.က (၁)၊ အ.ထ.က(ဘက်ရဲ)၊ အ.ထ.က (မျောက်ချောကုန်း)၊ အ.ထ.က (ရေနံတောင်)၊ အ.ထ.က (ဆိပ်သာ) စာစစ်ဌာန(၅)ခုတို့တွင် ဇီဝဗေဒဘာသာရပ်အား စာရင်းရှိ ကျား ၇၀ ဦး၊ မ ၁၁၂ ဦး၊ ဖြေဆိုသူ ကျား ၆၉ ဦး ၊ မ ၁၁၀ ဦး၊ စုစုပေါင်းဖြေဆို ၁၇၉ ဦး၊ ပျက်ကွက် ၃ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၈.၃၅) ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ်အား စာရင်းရှိ ကျား ၂၂၁ ဦး၊ မ ၂၃၂ ဦး၊ ဖြေဆိုသူ ကျား ၂၀၇ ဦး ၊ မ ၂၂၆ ဦး၊ စုစုပေါင်းဖြေဆို ၄၃၃ ဦး၊ ပျက်ကွက် ၂၀ ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း (၉၅.၅၈) ရာခိုင်နှုန်း ရှိသည်။ အလားတူ စက်မှုစိုက်ပျိုးမွေးမြူရေးစာစစ်ဌာန(ချင်းမြောင်)တွင် စာရင်းရှိ ကျား ၅၉ ဦး၊ မ ၁၂ ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျား ၅၈ ဦး၊ မ ၁၂ ဦး၊ စုစုပေါင်းဖြေဆို ၇၀ ဦး၊ ပျက်ကွက် ၁ ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း (၉၈.၅၉) ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းသာစွာဖြင့်ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(ပလကဖ)တို့က ကျောင်းဝင်း အတွင်းနှင့်အပြင်များတွင်   စနစ်တကျကြီးကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရှိရသည်။

ဖြိုးဝေလင်း