ကွန်ဟိန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီယဥ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကဗျာလွတ်အက သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကွန်ဟိန်း မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင်  အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီယဥ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကဗျာလွတ်အကသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.ကခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် Grade-2 ကျောင်းသား၊ ကျောင်းသူများမှ (၃၈) ဖြာမင်္ဂလာ ကဗျာရွတ်ဆိုပြီးအခမ်းအနားကို ဖွင့်လှစ်ကာ ဒုတိယပညာရေးမှူး ဦးကျော်သူရိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိသည်။

ထို့နောက် ကျောင်းသား၊ ကျောင်သူ လူငယ်များအနေဖြင့် ဘာသာတရား ရိုသေကိုင်းရှိုင်းပြီး နူးညံ့သိမ်မွေ့သော ကျောင်းသား၊ ကျောင်းသူလူငယ်များဖြစ်ပေါ်လာစေရန်နှင့် အခြေခံအင်္ဂလိပ်စာ(Grammar)တင်တန်းကို မတ်လ (၁၈)ရက်နေ့မှ (၃၁)ရက်‌နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)