မအူပင် မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေး နှိုးဆော်ခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ငလျင်ဘေးပညာပေးစာစောင်များဖြန့်ဝေခြင်း ကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုအား မအူပင်မြို့ လူစည်ကားရာနေရာများဖြစ်သည့် ဘုရားလမ်းထိပ်၊ ကမ်းနားလမ်း၊ ဆယ်လမ်း၊ ရေလဲလမ်း၊ ခိုင်ရွှေဝါလမ်းထိပ်၊ ရေလဲလမ်းနှင့် မြို့ရှောင်လမ်းထိပ်များ၌ ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး နှိုးဆော်ပြီး ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန် အချက်များ၊ ငလျင်လှုပ်နေစဉ် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့်အချက်များပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်