မန္တလေးကားလမ်းမှ ရိုးကန်-ကန်သာ (စီးပွားရေးတက္ကသိုလ်အဝင်) လမ်း  ကတ္တရာခင်းခြင်းလုပ်ငန်း ပြီးစီး  

မိတ္ထီလာ မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် ရန်ကန်-မန္တလေး ကားလမ်းမှ ရိုးကန်၊ ကန်သာ (စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကန်-မန္တလေး ကားလမ်းမှ ရိုးကန်၊ ကန်သာ (စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ၃၁၆.၈၃၈ သန်းဖြင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ 0.87km X 3.66m x 375mm ရှိ လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ၎င်းကတ္တရာခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)