ငွေဆောင်မြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

ငွေဆောင် မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊သဇင်ကျေးရွာသို့ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသူ ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ငွေဆောင်မြို့၊ သဇင်ကျေးရွာ( မြောက်ပိုင်း) ခါတော်မှီကျောင်းတိုက်၊ ဆွမ်းစားဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းကိုမှ အဖွင့်အမှာစကားပြောကြားရာတွင် အကြမ်းဖက်ဖြစ်စဥ် များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာမှုဖြင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှလိုအပ်သည့် ထောက်ပံ့မှုများပေးခြင်း ဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာ  ပြည်သူအားလုံး ထောက်ပံ့ငွေ ရရှိစေရေး ဆောင်ရွက်ထားကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သူများအတွက်လည်း အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ရန် စီစဥ်ထားကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့်ငွေဆောင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးတို့က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တစ်ဦးလျှင် တစ်လငွေကျပ် ( ၂၀၀ ၀၀) နှုန်းဖြင့် ၂၀၂၅ခု နှစ်၊ (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ) ၃ လစာ ငွေ( ၆၀၀၀၀)ကျပ်စီအား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး ( ပြန် / ဆက်)